၂၃.၉.၂၀၂၀ ရက်နေ့၊ ၀၁ ၅၀ အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၂၉/၆)နှင့်(၁၂၉/၇)ကြား၊ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဦးအောင်အောင်မျိုး မောင်းနှင်လာသည့် FOTON အမျိုးအစား (ခဲပြာနီနက်ကြား) ကုန်စိမ်းများ တင်ဆောင်လာသော ကုန်တင်ယာဉ်သည် မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းမကြီးပေါ်တွင် လဲကျတိမ်းမှောက်နေကြောင်း ၀၁ ၅၅ အချိန် သတင်းရရှိသဖြင့် ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၅)ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ၀၂ ၅၀ အချိန်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပါသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းပါ ကျား(၂)ဦးမှာ ထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်း နှင့် ယာဉ်မောင်း ဦးအောင်အောင်မျိုးအား ဗောဓိကုန်းအမြန်လမ်းရဲစခန်းမှ ယာဉ်(ပ) ၂၃ / ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။