၂၁.၁၁.၂၀၂၀ရက်နေ့၊ ၀၂ ၃၀အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ အင်းမမြို့၊ သီရိမင်္ဂလာရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် (၁၅၁/၅)နှင့် (၁၅၁/၆)ကြားတွင် ယာဉ်မောင်း ဦးအောင်ချိုအေး မောင်းနှင်လာသော ယာဉ်အမှတ် TOYOTA HIACE အမျိုးအစား(အဖြူရောင်)ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်၍ အရှိန်လွန်ပြီး လမ်းဘေးသစ်ပင်အား ဝင်ရောက်တိုက်မှုဖြစ်ပွားကြောင်း ၀၂ ၃၅အချိန်သတင်းရရှိသဖြင့် အင်းမနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၃)ဦး၊ အရန်(၂)ဦးတို့ဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး ၀၃ ၂၀အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါကျား(၂)ဦးအနက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)၊ ယာဉ်မောင်း ဦးအောင်ချိုအေး(သေဆုံး)တို့အား အင်းမပရဟိတနာရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် အင်းမပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ယာဉ်ပေါ့ဆစွာမောင်းနှင်သူ ဦးအောင်ချိုအေး အား အင်းမနယ်မြေရဲစခန်းမှ ယာဉ်(ပ) ၃၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၁၄-က/၃၃၈ဖြင့် အမှုဖွင့်အရေးယူ ထားပါကြောင်း သတင်းရရှိပါသည်။