၁၁.၉.၂၀၁၉ ရက်နေ့၊ (၁၁ ၀၅)အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ရွာမကျေးရွာအုပ်စု၊ ရွာမကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်-ပြည် မီးရထားလမ်း မိုင်တိုင်(၁၄၀/၅)နှင့် (၁၄၀/၆)အကြား လမ်းဘေးရှိ လုံးပတ်(၂၈)ပေ၊ အမြင့်(၅၀)ပေခန့်ရှိ ကုက္ကိုပင်သည် မြေပျော့ပြီး အမြစ်မှ ကျွတ်ထွက်၍ ရထားလမ်းပေါ်သို့ လဲကျပိတ်ဆို့မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သဲကုန်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေ(၁၁)ဦး၊ အရန်(၅)ဦးတို့သည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ Chain Saw များ အသုံးပြု၍ ဖြတ်တောက်ဖယ်ရှားပေးခြင်းလုပ်ငန်းများ ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။