၂၀.၂.၂၀၂၁ ရက်နေ့၊ ၀၄၄၃ အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ ဘုရားကြီးတန်းရပ်ကွက်၊ အောင်မင်္ဂလာကွက်သစ်နေ ပိုင်ရှင် ဦးသိန်းဇော်ဦး၏ (၄၀x၆၀) ပေ၊ သွပ်မိုး၊ ကျောက်ပြားကာ၊ ပျဉ်ခင်း (၂)ထပ် တံမြက်စည်းဂိုဒေါင်တွင် လူစောင့်မရှိဘဲ ဒယ်နီအိုးဖြင့် အချိန်ကြာမြင့်စွာ ဟင်းချက်ပြုတ်ထားခဲ့ရာမှ အပူလွန်ကဲပြီး အနီးရှိ တံမြက်စည်းပြုလုပ်သော မြက်ဖူးများအား မီးကူးစက်လောင်မှုဖြစ်ပွားကြောင်း ၀၄၄၈ အချိန် သတင်းရရှိသဖြင့် သာယာဝတီခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သာယာဝတီမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သုံးဆယ်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ ငဖြူကလေးနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ လက်ပံတန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ စုစုပေါင်း မီးသတ်ယာဉ်(၁၃)စီး၊ သန္ဓေ(၄၈)ဦး၊ အရန်(၂၀)ဦးတို့သည် ရေဂါလန် ၂၅၀၀၀ ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၅၃၀ အချိန်မီးငြိမ်းပါသည်။

မီးလောင်မှုကြောင့် (၄၀x၆၀)ပေ၊ သွပ်မိုး၊ ကျောက်ပြားကာ၊ ပျဉ်ခင်း (၂)ထပ်၊ တံမြက်စည်းဂိုဒေါင် (၁)လုံး၊ (၁၅x၃၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၁)ထပ် နေအိမ်(၁)လုံး၊ (၂၄x၃၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ် (၂)ထပ် နေအိမ် (၁)လုံး၊ (၃၀x၄၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ် (၂)ထပ် နေအိမ်(၁)လုံး၊ စုစုပေါင်း အဆောက်အဦ (၄)လုံး မီးလောင်ခံရပြီး မီးစတင်လောင်သည့် နေအိမ် ပိုင်ရှင် ဦးသိန်းဇော်ဦး အား သုံးဆယ်နယ်မြေရဲစခန်းမှ (ပ) ၄၃/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။