၂၄.၉.၂၀၂၀ ရက်နေ့၊ ၁၀၂၀ အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်း မြို့နယ်၊ မင်းရပ်ရပ်ကွက်၊ နယ်မြေ(၉)၊ ဗိုလ်ချုပ်လမ်းရှိ (၂၀x၂၀)ပေ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း(၂)ထပ် နေအိမ်တွင် မီးပလပ်ခုံ အပူလွန်ကဲ၍ အနီးရှိ စာအုပ်များအား မီးကူးစက် လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လက်ပံတန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ကျွန်းကလေးနယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေ(၁၅)ဦး၊ အရန်(၁၀)ဦး တို့ဖြင့် ရေဂါလန်(၅၆၀၀)ခန့်အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၀၅၀ အချိန် မီးငြိမ်းပါသည်။

အဆိုပါ မီးလောင်မှုကြောင့် (၂၀x၂၀)ပေ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း(၂)ထပ် နေအိမ်(၁)လုံး မီးလောင်ခံခဲ့ရပြီး ပိုင်ရှင်အား လက်ပံတန်းမြို့မရဲစခန်းမှ (ပ)၆၅၇/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ၂၈၅ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။