၂၁.၉.၂၀၂၀ ရက်နေ့၊ ၁၅ ၃၀ အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ မြောင်းတပ်ကျေးရွာအုပ်စု၊ ကန်လန့်ကုန်းကျေးရွာနှင့် တောဟိုင်ကျေးရွာ အုပ်စု၊ သခွက်ကုန်းကျေးရွာတို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်သဖြင့် လူနေအိမ်(၂)လုံး ပြိုကျပျက်စီးမှုဖြစ်ပွားကြောင်း ၁၅ ၄၀ အချိန် သတင်းရရှိသဖြင့် ရွှေတောင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၁၂)ဦးတို့သည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရှင်းလင်းရေး လုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်းနှင့် ၁၆ ၂၀ အချိန်တွင် ပြီးစီးခဲ့ပါကြောင်း သတင်းရရှိပါသည်။