၂၇.၁၁.၂၀၂၀ ရက်နေ့၊ ၀၅ ၀၀ အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၅၉/၄)အနီးတွင် ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်လာသော ယာဉ်မောင်း ဦးအောင်ထွန်းမြတ် NISSAN (၁၂)ဘီး၊ အမျိုးအစား(ဖြူ၊ ပြာ၊ ခဲရောင်)ယာဉ်သည် မောင်းနှင်နေစဉ် လားရာတူနောက်မှ ယာဉ်မောင်း ဦးသိန်းဇော် မောင်းနှင်လာသော NISSAN (၆)ဘီး၊ အမျိုးအစား (အပြာရောင်)ယာဉ်သည် နောက်မှ ကျော်တက်ရာမှ အရှိန်မထိန်းနိုင်ဘဲ NISSAN (၁၂)ဘီးယာဉ်အား ဝင်ရောက်တိုက်မိပြီး NISSAN (၆)ဘီး ယာဉ်အတွင်း ယာဉ်မောင်း ညှပ်နေကြောင်း ၀၅ ၀၅ အချိန် သတင်းရရှိသဖြင့် သာဂရအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၆)ဦးတို့ဖြင့် သွားရောက် ကူညီဆောင်ရွက်ခဲ့ရာ ၀၆ ၀၀ အချိန်တွင် လုပ်ငန်းဆောင်ရွက် ပြီးစီးပါသည်။

ယာဉ်တိုက်မှုကြောင့် NISSAN (၁၂)ဘီး ယာဉ်မှ ကျား(၁)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)နှင့် NISSAN (၆)ဘီး ယာဉ်မောင်း ဦးသိန်းဇော်(သေဆုံး)အား တောင်ငူမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင် ပေးခဲ့ပါကြောင်းနှင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ဦးသိန်းဇော်(သေဆုံး)အား ဇီးပင်သာအမြန်လမ်းရဲစခန်းမှ ယာဉ်(ပ)၂၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-(က)/ ၃၃၇ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။