၂၄.၁၀.၂၀၂၀ ရက်နေ့၊ ၀၆ ၂၅ အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၈၅/၆)တွင် ယာဉ်မောင်း ဦးစိုးတင့် မောင်းနှင်လာသော FUSO အမျိုးအစား(အဖြူရောင်) (၆)ဘီးကုန်တင်ယာဉ်သည် မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း ၀၆ ၃၀ အချိန် သတင်းရရှိသဖြင့် သာဂရအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၅)ဦးတို့ဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၀၇ ၃၀ အချိန်တွင် ဆောင်ရွက်ပြီးစီးပါသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်းနှင့် ယာဉ်မောင်း ဦးစိုးတင့်အား သာဂရအမြန်လမ်းမကြီးရဲစခန်းမှ ယာဉ်(ပ)၁၃/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။