၁၅.၁၀.၂၀၂၀ ရက်နေ့၊ ၀၂ ၃၀ အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၈၄/၁)နှင့် (၁၈၄/၂)ကြားတွင် ယာဉ်မောင်း ဦးလင်းသန်း မောင်းနှင်လာသော NISSAN အမျိုးအစား(၆)ဘီး (အဖြူရောင်)ကုန်တင်ယာဉ်သည် မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လားရာတူရှေ့မှ ယာဉ်မောင်း ဦးခန့်ချောကိုကို မောင်းနှင်သည့် NISSAN အမျိုးအစား (အဖြူရောင်)တွဲကားအား နောက်မှဝင်တိုက်မိမှု ဖြစ်ပွားကြောင်း ၀၂ ၃၅ အချိန် သတင်းရရှိသဖြင့် သာဂရအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၅)ဦး တို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၀၃ ၃၀အချိန်တွင် ဆောင်ရွက်ပြီးစီးပါသည်။

ယာဉ်တိုက်မှုကြောင့် NISSAN အမျိုးအစား(၆)ဘီး (အဖြူရောင်)ကုန်တင်ယာဉ်ပေါ်ပါ ကျား(၂)ဦး အနက် ယာဉ်မောင်း ကျား(၁)ဦး (သေဆုံး)နှင့် ယာဉ်နောက်လိုက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိသဖြင့် သာဂရမြို့မပရဟိတနာရေးကူညီမှုအသင်းယာဉ်ဖြင့် ဆွာမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ယာဉ်မဆင်မခြင် ပေါ့ဆစွာမောင်းနှင်သူ ယာဉ်မောင်း ဦးလင်းသန်း အား သာဂရအမြန်လမ်းမကြီး ရဲစခန်းမှ ယာဉ်(ပ) ၁၂/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄- က/၃၃၈/၃၃၇ ဖြင့်  အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။