၁၂ . ၉ . ၂၀၁၉ ရက်နေ့၊ (၀၉ ၀၀)အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အမှတ်(၇)နှင့်(၈) ရပ်ကွက်များသို့ ရေ(၂)ပေခန့်နှင့် အောက်ကိုင်းကျေးရွာအတွင်းသို့ ရေ(၄)ပေခန့် ဝင်ရောက်လျက်ရှိကြောင်း သတင်းရရှိသဖြင့်  သာယာဝတီခရိုင်မီးသတ်ဦးစီးမှူး ဦးဆောင်၍ မင်းလှမြို့နယ်မီးသတ်စခန်းမှ သန္ဓေ(၃၅)ဦး၊ မိုးညိုမြို့နယ်မီးသတ်စခန်းမှ သန္ဓေ(၁၀)ဦး၊ အုတ်ဖိုမြို့နယ် မီးသတ်စခန်းမှ သန္ဓေ(၁၀)ဦး၊ စုစုပေါင်း (၅၅)ဦးတို့သည် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စက်လှေ(၁)စီးဖြင့် ရေဝင်ရောက်လျက်ရှိသော ကျေးရွာများသို့သွားရောက်၍ လိုအပ်သည်များဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။