(၇.၈.၂၀၁၉)ရက်နေ့၊ (၁၇ ၃၀)အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် အမှတ်(၁)၊ ရွှေပြည်အေးရပ်ကွက်အတွင်းသို့ ကလိချောင်းမှရေများ လူနေအိမ်များသို့ ဝင်ရောက်မှုဖြစ်ပွားကြောင်း (၁၇ ၃၅)အချိန် သတင်းရရှိသဖြင့် ဘုရားကြီးနယ်မြေမီးသတ်စခန်းမှ သန္ဓေ(၆)ဦး၊ အရန်(၁၀)ဦးတို့သည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရေဝင်ရောက်သည့် အိမ်ထောင်စုဝင်(၃၀)စုမှ အိမ်ထောင်စုဝင်များအား ရေဘေးကင်းလွတ်သည့်နေရာသို့ ကူညီရွှေ့ပြောင်းခြင်း လုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။