၁၇.၁၁.၂၀၂၀ ရက်နေ့၊ ၀၇ ၀၀ အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၀၅/၀)နှင့် (၁၀၅/၁)ကြားတွင် ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း ဦးမြင့်အောင် မောင်းနှင်သည့်  FUSO အမျိုးအစား(ဖြူ/စိမ်းရောင်)ယာဉ်သည် လမ်းလယ်ကျွန်းတွင် ကာရံထားသည့် Guard Rail တန်းအား ဝင်တိုက်မှုဖြစ်ပွားကြောင်း ၀၇ ၀၅ အချိန် သတင်းရရှိသဖြင့် (၁၁၅)မိုင်အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ သန္ဓေ(၅)ဦးတို့ဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၀၈ ၃၀ အချိန်တွင် ဆောင်ရွက်ပြီးစီးပါသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်းနှင့် ယာဉ်မောင်း ဦးမြင့်အောင် အား ဖြူးအမြန်လမ်းမကြီး ရဲစခန်းမှ ယာဉ်(ပ) ၂၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ -၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။