၁၆.၂.၂၀၂၁ ရက်နေ့၊ ၀၅ ၅၀ အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ လှော်ကားကျေးရွာအုပ်စု၊ လသာကုန်းကျေးရွာနေ ပိုင်ရှင် ဦးဟန်မြင့်၏ (၂၇x၂၇)ပေ၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး(၂)ထပ် နေအိမ်တွင် မီးဖိုမီးကြွင်းမီးကျန်မှ တစ်ဆင့်အနီးရှိ ပျဉ်ကာသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း ၀၆ ၁၀ အချိန်သတင်းရရှိသဖြင့် ဘောနတ်ကြီးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၇)ဦးတို့သည် ရေဂါလန်(၁၀၀၀) အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၆ ၄၀ အချိန် မီးငြိမ်းပါသည်။

မီးလောင်မှုကြောင့် (၂၇x၂၇)ပေ၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး(၂)ထပ် နေအိမ်(၁)လုံးမီးလောင်ခံခဲ့ရပြီး ပိုင်ရှင် ဦးဟန်မြင့်အား ထန်းတောကြီးနယ်မြေရဲစခန်းမှ (ပ)၅/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားပါကြောင်း သတင်းရရှိပါသည်။