ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၇၂/၄)နှင့် (၇၂/၅)ကြားတွင် ၁၄.၁၁.၂၀၂၁ ရက်နေ့၊ ၀၇ ၃၀ အချိန်ခန့်က ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း သူရဇော်အောင် မောင်းနှင်လာသော PRADO အမျိုးအစား (ခဲရောင်)ယာဉ်သည် ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားကြောင်း ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ ၀၇ ၃၅ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၅)ဦးတို့ဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သွားရောက် ကူညီဆောင်ရွက်ခဲ့ရာ ၀၈ ၁၅ အချိန် လုပ်ငန်းဆောင်ရွက်ပြီးစီးကြောင်း၊ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါကျား(၅)ဦးအနက် ကျား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား အမြန်လမ်းရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်အား မဆင်မခြင်ပေါ့ဆစွာ မောင်းနှင်သူ ယာဉ်မောင်း သူရဇော်အောင် အား  ဥသျှစ်ကုန်းအမြန်လမ်းမကြီး ရဲစခန်းမှ ယာဉ်(ပ)၂၂/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။