ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၆၈/၄)နှင့် (၆၈/၅)ကြားတွင် ၆.၆.၂၀၂၁ ရက်နေ့၊ ၁၆ ၃၀ အချိန်ခန့်က ယာဉ်မောင်း ကျော်ဇေယျ မောင်းနှင်လာသော MARK II အမျိုးအစား (အနက်ရောင်)ယာဉ်သည် နေပြည်တော်မှ ရန်ကုန်သို့ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်မြေသားလမ်းတွင် ကာရံထားသည့် GUARD RAILS တန်းအား ဝင်တိုက်မိမှုဖြစ်ပွားကြောင်း ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ ၁၆ ၃၅ အချိန်တွင် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ သန္ဓေ(၅)ဦးတို့ဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်းနှင့် ယာဉ်မောင်း ကျော်ဇေယျအား ဥသျှစ်ကုန်းအမြန်လမ်းမကြီးရဲစခန်းမှ ယာဉ်(ပ)၁၃/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သိရသည်။