၁၉.၁၁.၂၀၂၀ ရက်နေ့၊ ၁၄ ၃၀ အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဉီးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၇၁/၆)နှင့် (၇၁/၇)ကြားတွင် နေပြည်တော်မှ ရန်ကုန်သို့ ယာဉ်မောင်း အောင်ကိုကို မောင်းနှင်လာသော Toyota Sprinter CE102 ခဲရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျမှုဖြစ်ပွားကြောင်း ၁၄ ၃၅ အချိန် သတင်းရရှိသဖြင့် ဉသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၅)ဦးတို့ဖြင့် သွားရောက် ကူညီဆောင်ရွက်ခဲ့ရာ ၁၅ ၄၅အချိန် ဆောင်ရွက်ပြီးစီးပါသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရရှိမှုမရှိပါကြောင်းနှင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း အောင်ကိုကိုဇော် အား ဉသျှစ်ကုန်းအမြန်လမ်းမကြီးရဲစခန်းမှ ယာဉ်(ပ) ၃၁/၂၀၂၀၊ ရာဇသတ်ကြီးဉပဒေပုဒ်မ- ၂၇၉ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပါကြောင်း သတင်းရရှိပါသည်။
Recent Comments