၁၅.၁၁.၂၀၂၀ ရက်နေ့၊ ၁၅ ၀၀ အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၅၇/၂)နှင့် (၅၇/၃)ကြားတွင် ရန်ကုန်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း ဇင်ဗိုလ်မင်း မောင်းနှင်လာသော Nissan Caravan အမျိုးအစား (အဖြူရောင်) ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိ သဖြင့် ဘောနီအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေ(၅)ဦး၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး ၁၆ ၄၅ အချိန် လုပ်ငန်းဆောင်ရွက်ပြီးစီးပါသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါအဝင် ကျား(၃)ဦးအနက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာရ (စိုးရိမ်ရ)နှင့် ကျန် ကျား(၂)ဦးထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)တို့အား ရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် ဘုရားကြီးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်မောင်း ဇင်ဗိုလ်မင်းအား ဘောနီအမြန်လမ်းမကြီး ရဲစခန်းမှ ယာဉ်(ပ) ၁၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၂၇၉/၃၃၇/၃၃၈ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပါကြောင်း သတင်းရရှိပါသည်။