၁၄.၁၀.၂၀၂၀ ရက်နေ့၊ ၀၂ ၁၀ အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဒရယ်မီးရပ်ကွက်ရှိ တာဝန်ခံ မန်နေဂျာ ဦးဇော်လင်းထက် ၏ “နေလဝန်း”ဆန်စက်အတွင်းရှိ (၆x၆)ပေ၊ ဆန်စပါးများ အခြောက်ခံသည့် စက် Dryer အတွင်းမှ စပါးများအား ဖွဲမီးဖြင့် အခြောက်ခံနေစဉ် အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း ၀၂ ၁၅ အချိန် သတင်းရရှိသဖြင့် ဒိုက်ဦးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ သန္ဓေ (၉)ဦးတို့သည် ရေဂါလန် ၄၈၀၀ ခန့်အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၄ ၀၀ အချိန် မီးငြိမ်းပါသည်။

အဆိုပါ မီးလောင်မှုကြောင့် စပါးတင်း (၂၀၀) ခန့် မီးလောင်ခံခဲ့ရပြီး တာဝန်ခံမန်နေဂျာ ဦးဇော်လင်းထက် အား ဒိုက်ဦးမြို့မရဲစခန်းမှ (ပ) ၆၄၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်း ရရှိပါသည်။