ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဓမ္မာရုံရပ်တွင်  ၁၉.၁၁.၂၀၂၁ ရက်နေ့၊ ၀၈ ၀၅ အချိန်ခန့်က ပိုင်ရှင် ဦးတင်ထူး၏ (၂၀x၃၀)ပေ အုတ်ညှပ်(၂)ထပ်နေအိမ်အောက်ထပ်တွင် အချိန်ကြာမြင့်စွာဖွင့်ထားသည့် Air-Con(1HP) Safeguard အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပွားကြောင်း  အုတ်တွင်းမြို့နယ်မီးသတ်စခန်းမှ ၀၈၁၀ အချိန်တွင် သတင်းရရှိသဖြင့် အုတ်တွင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကျွဲပွဲနယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၃)စီး၊ သန္ဓေ(၁၂)ဦး၊ အရန်(၂၀)ဦး၊ ရေဂါလန်(၄၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၈ ၃၅ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့်  (၂၀x၃၀)ပေ၊ အုတ်ညှပ်(၂)ထပ် နေအိမ်(၁)လုံးနှင့် အနီးရှိ (၂၀x၃၀)ပေ အုတ်ညှပ်(၂)ထပ် နေအိမ်၏ အပေါ်ထပ်မျက်နှာကြက် (၁၀x၁၀)ပေခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးတင်ထူးအား  ကျွဲပွဲနယ်မြေရဲစခန်းမှ (ပ)၅၀/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။