၂၆.၁၀.၂၀၂၀ရက်နေ့၊ ၁၆ ၀၀ အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ (၁၁)ရပ်ကွက်၊ စံပယ်ဦး (၁)လမ်းနေ (၂၄x၁၆)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း (၂)ထပ်နေအိမ်တွင် ပန်ကာဖွင့်ထားရာမှ မော်တာအပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားကြောင်း ၁၆ ၀၅ အချိန် သတင်းရရှိသဖြင့် တောင်ငူခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ကေတုပရဟိတအဖွဲ့မှ ရေသယ်ယာဉ်(၁)စီး၊ စုစုပေါင်း မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ ရေသယ်ယာဉ်(၃)စီး၊ သန္ဓေ(၃၈)ဦး၊ အရန် (၃၅)ဦးတို့ဖြင့် ရေဂါလန် (၅၅၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၆ ၂၃ အချိန် မီးငြိမ်းပါသည်။

အဆိုပါ မီးလောင်မှုကြောင့် (၂၄x၁၆)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၂)ထပ် နေအိမ်(၁)လုံး မီးလောင်ခံရပြီး အိမ်ရှင်အား တောင်ငူမြို့၊ အမှတ်(၂)နယ်မြေရဲစခန်းမှ  (ပ) ၄၆၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။