ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် (၈၀/၅)  နှင့် (၈၀/၆)ကြားတွင် ၂.၆.၂၀၂၁ ရက်နေ့၊  ၁၀ ၁၅ အချိန်ခန့်က (Elite Co.Ltd) ကုမ္ပဏီပိုင် ယာဉ်မောင်း ဦးကျော်ဇင်လတ် မောင်းနှင်လာသည့် JAC (အမျိုးအစား) ဘောက်ဆာ အငှားယာဉ် (အဖြူရောင်) (၂၂)ဘီး LPGဂတ်စ် (၂၅၅၀၀)Kgဆံ့ယာဉ်သည် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ဂတ်စ်များ တင်ဆောင်မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ် ကြောသို့ရောက်ရှိပြီး မျက်နှာချင်းဆိုင် ယာဉ်ကြောမှ ဒေါ်သီတာဝင်း မောင်းနှင်လာသော Honda Wave 100 (အဖြူရောင်) ဆိုင်ကယ်ပေါ်သို့ လဲကျတိမ်းမှောက်မှုဖြစ်ပွားကြောင်း ညောင်လေးပင်မြို့နယ်မီးသတ်စခန်းမှ ၁၁ ၀၀ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၅)ဦး၊ အရန်(၃)ဦးတို့ဖြင့် မီးလောင်မှုမဖြစ်ပွားစေရေးအတွက် အသင့်စောင့်ဆိုင်းပေးလျက်ရှိကြောင်း၊ ယာဉ်တိုက်မှုကြောင့် Honda Wave 100 (အဖြူရောင်) ဆိုင်ကယ်ပေါ်မှ မ(၁)ဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး စေတနာလူမှုကူညီရေးအသင်းမှ ယာဉ်ဖြင့် ညောင်လေးပင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ယာဉ်မောင်း ဦးကျော်ဇင်လတ် အား ညောင်လေးပင်မြို့မ ရဲစခန်းမှ ယာဉ်(ပ) ၁၀/ ၂၀၂၁ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇ ဖြင့် အမှုဖွင့် အရေးယူထားပါကြောင်း သိရသည်။