ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့၊ ထိန်တပင်ကျေးရွာအုပ်စု၊ ဇရပ်ခင်ကျေးရွာနေ ပိုင်ရှင် ဦးမြင့်သန်း ၏ (၂၀×၂၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်တွင် ၂၅.၂.၂၀၂၁ ရက်နေ့၊ ၀၇ ၃၀ အချိန်ခန့်က မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ် အကာထရံသို့ မီးကူးစက်လောင်မှု ဖြစ်ပွားကြောင်း ပိန်းဇလုပ်နယ်မြေမီးသတ်စခန်းမှ ၀၇ ၄၀ အချိန် သတင်းရရှိခဲ့ရာ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၅)ဦး၊ အရန်(၃)ဦးတို့သည် သွားရောက်၍ ရေဂါလန် (၂၄၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ပြီး၊ ၀၈ ၀၀ အချိန်မီးငြိမ်းခဲ့ကြောင်း၊ မီးလောင်မှုကြောင့် (၂၀×၂၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်(၁)လုံးနှင့် (၁၀×၁၀)ပေ၊ ထင်းတဲ(၁)လုံး မီးလောင်ခံရပြီး ပိုင်ရှင် ဦးမြင့်သန်း အား ပိန်းဇလုပ်နယ်မြေရဲစခန်းမှ (ပ) ၁၃/၂၀၂၁ ၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။