(၁.၈.၂၀၁၉)ရက်နေ့၊(၁၃ ၅၅)အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ သက်ရင်းကုန်းကျေးရွာ အုပ်စု၊ သဲကုန်းကျေးရွာရှိ ပြည်တော်သာရေလှောင်တမံအတွင်း ဥက္ကံကျေးရွာအုပ်စု၊ ကုန်းမြင့်ကျေးရွာနေ ကိုအောင်ဆန်းထွန်းသည် ငါးဖမ်းရာမှ ရေနစ်မှုဖြစ်ပွားခဲ့ကြောင်း၊(၁၄ ၀၀)အချိန်သတင်းရရှိသဖြင့် ကြို့ပင်ကောက် မြို့နယ်မီးသတ်စခန်းမှမီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၁၀)ဦးတို့ဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး ရေနစ်သူ ကိုအောင်ဆန်းထွန်း (၃၈)နှစ်အား သေဆုံးလျက်ရှာဖွေတွေ့ရှိခဲ့ပြီး လူမှုကူညီရေးအသင်း ယာဉ်ဖြင့် ကြို့ပင်ကောက်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။