၁.၉.၂၀၂၀ ရက်နေ့၊ ၁၅၀၀ အချိန်၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မင်းကွက်(၃)ရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းနှင့် တာပွန်လမ်းထောင့်၊ မိုင်တိုင်အမှတ်(၁၄၃/၃)တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စိန်ပန်းပင်လဲကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပေါင်းတည် မြို့နယ်မီးသတ်စခန်းမှ သန္ဓေ(၈)ဦး၊ အရန်(၃)ဦးတို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိပါကြောင်းနှင့် ၁၅၃၀ အချိန် လုပ်ငန်း ဆောင်ရွက်ပြီးစီးကြောင်း သတင်းရရှိပါသည်။