၂၈.၁၂.၂၀၂၀ ရက်နေ့၊ ၂၂ ၀၀ အချိန်၊ ပဲခူတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၇၀/၇) အနီးတွင် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဦးဖြိုးဝေအောင် မောင်းနှင်လာသော  အဖြူရောင်ယာဉ်သည် မောင်းနှင်နေစဉ် အရှိန်မထိန်းနိုင်ဖြစ်ကာ တစ်ပတ်လည် တိမ်းမှောက်မှု ဖြစ်ပွားကြောင်း ၂၂ ၀၅ အချိန်သတင်းရရှိသဖြင့် သာဂရအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၅)ဦးတို့ဖြင့်  ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ရာ ၂၃ ၅၅ အချိန် လုပ်ငန်းဆောင်ရွက် ပြီးစီးပါသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်း ထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်းနှင့် ယာဉ်မဆင်မခြင် ပေါ့ဆစွာမောင်းနှင်သူ ယာဉ်မောင်း ဦးဖြိုးဝေအောင် အား သာဂရအမြန်လမ်းရဲစခန်းမှ ယဉ်(ပ)၂၁/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ -၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။