၂၆.၁၁.၂၀၂၀ ရက်နေ့၊ ၁၁ ၁၀ အချိန်ခန့်၊ ပဲခူတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ အောင်ဆန်းပြည်သာယာရပ်ကွက်၊ ပစ်တိုင်းထောင်လမ်းရှိ ပိုင်ရှင် ဦးခင်မောင်စိုး၏ ပစ်တိုင်းထောင်မုန့်လုပ်ငန်းမှ (၁၅x၂၀)ပေ၊ သွပ်မိုး၊ သွပ်ကာ ဂိုထောင်အတွင်း 20 kg (Gas)အိုး ပိုက်ပြုတ်ထွက်ရာမှ မီးလောင်မှုဖြစ်ပွားကြောင်း ၁၁ ၁၅ အချိန် သတင်းရရှိသဖြင့် ပြည်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ သန္ဓေ(၃၀)ဦး၊ အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁၀)စီး၊ အရန်(၁၀၀)ဦးတို့ဖြင့် ရေဂါလန် (၁၀၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၁ ၃၀ အချိန်တွင် မီးငြိမ်းပါသည်။
အဆိုပါ မီးလောင်မှုကြောင့် (၁၅x၂၀)ပေ၊ သွပ်မိုး၊ သွပ်ကာ ဂိုထောင်(၁)လုံးမီးလောင်ခံရပြီး ပိုင်ရှင် ဦးခင်မောင်စိုး အား ပြည်မြို့နယ်အမှတ်(၃)နယ်မြေရဲစခန်းမှ (ပ) ၅၂၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားပါကြောင်း သတင်းရရှိပါသည်။
Recent Comments