၁၅.၁၀.၂၀၂၀ ရက်နေ့၊ ၁၇ ၀၀ အချိန်ခန့်၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၂၂/၁)နှင့် (၂၂၂/၂) ကြားတွင် ယာဉ်မောင်း ဦးကျော်ကိုကိုဦး မောင်းနှင်သည့် SUNLONG အမျိုးအစား (စိမ်း/နီ/ဝါကြား)ရောင် ကုန်စိမ်းများ တင်ဆောင်မောင်းနှင်လာသည့် CROWN (ရန်ကုန်-လားရှိုး)ခရီးသည်တင်ယာဉ်သည်  မောင်းနှင်လာစဉ် ဝဲရှေ့ဘက်ဘီးပေါက်ပြီး တာယာအပူလွန်ကဲ၍ ယာဉ်၏ ရှေ့ဦးခေါင်းပိုင်း မီးလောင်မှုဖြစ်ပွားကြောင်း ၁၇ ၀၅ အချိန် သတင်းရရှိသဖြင့် ပန်းတင်အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၈)ဦးတို့ဖြင့် ရေဂါလန် (၁၈၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၇ ၁၅ အချိန် မီးငြိမ်းပါသည်။

မီးလောင်မှုကြောင့် SUNLONG အမျိုးအစားယာဉ်(၁)စီး မီးလောင်ခံရပြီး ယာဉ်မောင်း ဦးကျော်ကိုကိုဦးအား ပန်းတင်အမြန်လမ်းမကြီးရဲစခန်းမှ ယာဉ်(ပ) ၁၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။