၁၁.၉.၂၀၁၉ ရက်နေ့၊ (၀၃ ၁၅)အချိန်ခန့်၊ နေပြည်တော်၊ လယ်ဝေးမြို့၊ အမှတ်(၁)ရပ်ကွက်၊ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ မိုင်တိုင်အမှတ်(၂၃၅)တွင် လုံးပတ်(၁၂)ပေ၊ အမြင့်(၄၅)ပေရှိသော ကုက္ကိုပင်သည် မြေပွ၍ အမြစ်မခိုင်ဘဲ လမ်းမပေါ်သို့ လဲကျလမ်းပိတ်ဆို့မှုဖြစ်ပွားကြောင်း (၀၄ ၁၀)အချိန် သတင်းရရှိသဖြင့် လယ်ဝေးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ သန္ဓေ(၁၆)ဦးတို့သည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ခုတ်ထွင်းရှင်းလင်းခြင်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။