(၂၉.၁၂.၂၀၁၉)ရက်နေ့၊ (၀၉ ၄၀)အချိန်ခန့်၊ နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာအုပ်စု၊ ဆားကျင်းကျေးရွာနေ ပိုင်ရှင် ဦးဇော်မင်းဦး၏ (၁၇x၂၄)ပေ သက်ကယ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နေအိမ်တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိ ထရံသို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း (၀၉ ၅၅)အချိန် သတင်းရရှိသဖြင့် ဥတ္တရခရိုင်မီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ဥတ္တရမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ပန်းတင်(အမြန်လမ်း)နယ်မြေမီးသတ် စခန်းမှ မီးငြှိမ်သတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ စုစုပေါင်း မီးသတ်ယာဉ်(၆)စီး၊ သန္ဓေ(၃၀)ဦး၊ အရန်(၁၀)ဦးတို့ဖြင့် ရေဂါလန်(၈၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ပြီး (၁၀ ၁၀)အချိန် မီးငြိမ်းပါသည်။ မီးလောင်မှုကြောင့် (၁၇x၂၄)ပေ သက်ကယ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နေအိမ်(၁)လုံး၊ (၁၄x၁၄)ပေ သက်ကယ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နေအိမ်(၁)လုံးနှင့် (၂၄x၂၄)ပေ သက်ကယ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် (၁)လုံး၊ စုစုပေါင်း နေအိမ်(၃)လုံး မီးလောင်ခံခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုး ၈၈၅,၀၀ဝိ/- (ရှစ်သိန်း ရှစ်သောင်းငါးထောင်)ခန့်ဖြစ်ကြောင်းနှင့် ပိုင်ရှင် ဦးဇော်မင်းဦး အား တောင်ညိုနယ်မြေ ရဲစခန်းမှ (ပ)၁၀၁/၂၀၁၉၊ ပြစ်မှုပုဒ်မ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။