၂.၉.၂၀၂၀ ရက်နေ့၊ ၁၀ ၀၀ အချိန်ခန့်၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးဘက်ခြမ်း၊ မိုင်တိုင်အမှတ် (၁၈၆/၃)နှင့် (၁၈၆/၄)ကြားတွင် ယာဉ်မောင်း ထက်အောင် မောင်းနှင်သည့်  Alphard အမျိုးအစား (အဖြူရောင်)ယာဉ်သည် အရှိန်မထိန်းဘဲ လမ်းယာဘက် မြေသားလမ်းပေါ်တွင် ယာဘက်သို့ဘေးတစောင်းလဲကျ တိမ်းမှောက်မှုဖြစ်ပွားကြောင်း ၁၀ ၁၅ အချိန်သတင်းရရှိသဖြင့် ပလွေးအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၆)ဦးတို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၁၁ ၂၀ အချိန် ဆောင်ရွက်ပြီးစီးပါသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအပါအဝင် ယာဉ်ပေါ်ပါကျား (၃)ဦး၊ မ(၂)ဦးအနက် ကျား(၁)ဦးနှင့် မ(၁)ဦးတို့ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ရာ ရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် နေပြည်တော်ကုတင် (၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ထက်အောင် အား ပလွေးအမြန်လမ်းမကြီးရဲစခန်းမှ ယာဉ်(ပ) ၁၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၂၇၉/ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပါကြောင်း သတင်းရရှိပါသည်။