၂၀.၁၁.၂၀၂၀ ရက်နေ့၊ ၁၅ ၂၀ အချိန်ခန့်၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၄၉/၃) နှင့် (၂၄၉/ ၄)ကြား၊ နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ကိုကျော်ဦး မောင်းနှင်သည့် Honda Odyssey အမျိုးအစား (အဖြူရောင်) ယာဉ်သည် တရားမဝင်သစ်များတင်ဆောင် မောင်းနှင်လာစဉ် နောက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကာရန်ထားသော ဂတ်စ်ဝေးတန်းအားတိုက်မိပြီး လမ်းဘေးရှိ သစ်ပင်အား ထပ်မံဝင်ရောက်တိုက်မိကြောင်း ၁၅ ၂၅ အချိန် သတင်းရရှိသဖြင့် ဘုရားတောင်အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၅)ဦးတို့ဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၁၆၃၀ အချိန်တွင် လုပ်ငန်းဆောင်ရွက် ပြီးစီးပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦးအနက် ယာဉ်မောင်း မှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး၊ ကျန် ကျား(၁)ဦးမှာ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပါသဖြင့် ရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် နေပြည်တော်ကုတင် (၁၀၀၀)ဆံ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ယာဉ်မောင်း ကိုကျော်ဦး အား ဘုရားတောင်အမြန်လမ်း ရဲစခန်းမှ ယာဉ်(ပ) ၁၂/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈ / ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။