(၈.၇.၂၀၁၉) ရက်နေ့ (၂၁ ၅၀)အချိန်၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၃၀/၀)နှင့် (၂၃၀/၁)အကြားတွင် မန္တလေးမှ ရန်ကုန်သို့ ယာဉ်မောင်း ဦးအောင်ထွန်း မောင်းနှင်လာသော ယာဉ်အမှတ် (YGN-2E/3716) Toyota LandCruiser Prado (အဖြူရောင်) ယာဉ်သည် ရှေ့ညာဘက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ရေမြောင်းအား ကျော်တက်ကာ တစ်ဖက်ယာဉ်ကြောပေါ်သို့ရောက်ရှိ တိမ်းမှောက်မှုဖြစ်ပွားကြောင်း (၂၁ ၅၅) အချိန် သတင်းရရှိသဖြင့် ပန်းတင်အမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေ(၅)ဦး တို့ဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ပါသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၁)ဦး၊ မ(၃)ဦး စုစုပေါင်း(၄)ဦးအနက် မ(၁)ဦး(သေဆုံး)၊ ကျား(၁)ဦး၊ မ(၂)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)အား ရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါကြောင်း သတင်း ရရှိပါသည်။