တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရွှေဇင်ယော်ရပ်ကွက်၊ မြပုလဲရည်လမ်းနှင့် ကျားပါးစပ်လမ်းဆုံတွင် ၃၀.၇.၂၀၂၁ ရက်နေ့၊ ၀၃ ၀၀ အချိန်ခန့်က အမြင့်ပိုင်းမှစီးလာသောရေမြောင်း (အရှည် (၄၀)ပေ၊ အကျယ်(၂)ပေခွဲ)သည် ပိတ်ဆို့နေသဖြင့် မြပုလဲရည်လမ်းပေါ်သို့  (ရေ (၂)လက်မခန့်၊ မြေသားကျင်း (၁)ဝက်ခန့်)ရောက်ရှိ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားနေကြောင်း ကော့သောင်းခရိုင်မီးသတ်စခန်းမှ ၀၇ ၃၀ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၁၂)ဦး၊ အရန်(၃)ဦးတို့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြေသယ်ယာဉ်(၁)စီး၊ အဖွဲ့ဝင်(၁၀)ဦးတို့နှင့် ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ကူညီ ဆောင်ရွက်ခဲ့ရာ ၀၈ ၃၀ အချိန်တွင် ပြီးစီးခဲ့ကြောင်းနှင့် အဆိုပါ ဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။