တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အေးချမ်းသာယာရပ်၊ တိုင်းရုံးလမ်းတွင် ၇.၄.၂၀၂၁ ရက်နေ့၊ ၀၉ ၀၀ အချိန်ခန့်တွင် လမ်းခင်းရန် မြေများ လာရောက်ပို့ဆောင်သည့် ယာဉ်မောင်း ဦးသော်ဇင်လတ် မောင်းနှင်လာသည့်  FORLAND အမျိုးအစား (အဖြူရောင်) မြေသယ်ယာဉ်သည် လမ်းပေါ်ရှိ သစ်သားပေါင်းကူးတံတားအား ဖြတ်ကျော်ရာမှ တံတားကျိုးကျ၍ ယာဉ်၏ အနောက်ဘက် ဝဲဘက်ဘီး မြောင်းအတွင်းသို့ ကျွံကျမှုဖြစ်ပွားကြောင်း မြိတ်မြို့နယ်မီးသတ်စခန်းမှ ၀၉ ၀၄ အချိန် သတင်းရရှိသဖြင့် Heavy Rescue & Towing Vehicle 6×6 ယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ သန္ဓေ(၁၂)ဦးတို့ဖြင့် မြေသယ်ယာဉ်အား လမ်းပေါ်သို့ ဆွဲတင်ခြင်းလုပ်ငန်းများ ကူညီဆောင်ရွက်ပေးခဲ့ပြီး ၁၀ ၀၂အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးပါကြောင်းနှင့် အဆိုပါ ဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရပါသည်။