၈.၁.၂၀၂၁ ရက်နေ့၊ ၁၀ ၀၀ အချိန်ခန့်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စု၊ ဆင်ခေါင်းကျေးရွာနေ ပိုင်ရှင် ဦးမြင့်လွင်၏ (၃၆x၁၈)ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၂)ထပ်  နေအိမ်တွင် ဆိုလာမှ တစ်ဆင့် တီဗွီစင်အောက်ရှိ ဆိုလာပါဝါပုံး အပူလွန်ကဲပြီး ပေါက်ကွဲရာမှ မီးလောင်မှုဖြစ်ပွားကြောင်း ၁၀ ၀၅ အချိန် သတင်းရရှိသဖြင့် ညောင်ပင်ကွင်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၅)ဦး၊ အရန်(၁၀)ဦးတို့ဖြင့် ရေဂါလန်(၂၅၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ  ၁၀ ၃၅ အချိန် မီးငြိမ်းပါသည်။

မီးလောင်မှုကြောင့် (၃၆x၁၈)ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၂)ထပ်  နေအိမ်(၁)လုံးနှင့် (၃၈x၁၈)ပေ အုတ်ကြွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၂)ထပ် နေအိမ်အပေါ်ထပ် မီးလောင်ခံရပြီး ပိုင်ရှင် ဦးမြင့်လွင် အား တနင်္သာရီမြို့မရဲစခန်းမှ (ပ)၃/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။