၄.၁၂.၂၀၂၀ ရက်နေ့၊ ၁၈ ၁၅ အချိန်ခန့်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ ဆယ်မိုင်ကျေးရွာအုပ်စု၊ တာညုံပါဒကျေးရွာ၊ ကမ်းနားလမ်းရှိ ရာဘာခြံပိုင်ရှင် ဦးသူရိန်၏ (၁၀x၂၀)ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၁)ထပ် ခြံစောင့်တဲတွင်  ခြံစောင့် ဦးအောင်အောင်ဦးသည် ထင်းမီးဖိုဖြင့် ထမင်းချက်ပြီး မီးကြွင်းမီးကျန်များအား သေချာစွာမငြှိမ်းသတ်ခဲ့သဖြင့်  မီးကြွင်းမီးကျန်များမှ မီးကူးစက်လောင်မှုဖြစ်ပွားကြောင်း ၁၈ ၂၀ အချိန် သတင်းရရှိသဖြင့် ကော့သောင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၁၃)ဦး၊ ကျေးရွာရှိ အရန်(၁၅)ဦးတို့ဖြင့် ရေဂါလန်(၁၅၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၉ ၀၀ အချိန် မီးငြိမ်းပါသည်။

အဆိုပါ မီးလောင်မှုကြောင့် (၁၀x၂၀)ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၁)ထပ် ခြံစောင့်တဲ(၁)လုံး မီးလောင်ခံရပြီး ခြံစောင့် ဦးအောင်အောင်ဦးအား ကော့သောင်းမြို့မရဲစခန်းမှ (ပ) ၆၃၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားပါကြောင်း သတင်းရရှိပါသည်။