၂၀.၁၁.၂၀၂၀ ရက်နေ့၊ ၀၈ ၃၅ အချိန်ခန့်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရေကျော်လမ်း၊ ဆန်းချီမြို့သစ်ရပ်ကွက်နေ အိမ်ရှင် ဒေါ်ခင်မူ၏ (၃၃ x ၁၅)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း(၂)ထပ် နေအိမ်တွင် လျှပ်စစ်မီးပူအား မပိတ်မိဘဲ အပြင်သို့သွားရာမှ အပူလွန်ကဲ၍ အဝတ်အစားများမှ တစ်ဆင့် မီးကူးစက်လောင်မှုဖြစ်ပွားကြောင်း ၀၈ ၃၉ အချိန် သတင်းရရှိသဖြင့် ထားဝယ်ခရိုင်နှင့် မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေ(၂၂)ဦး၊ အရန် (၁၀)ဦးတို့ဖြင့် ရေဂါလန်(၂၄၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၉ ၀၀အချိန် မီးငြိမ်းပါသည်။
မီးလောင်မှုကြောင့် နေအိမ်အပေါ်ထပ်ရှိ ကြမ်းခင်းများ မီးလောင်ခံရပြီး အိမ်ရှင် ဒေါ်ခင်မူအား ထားဝယ်မြို့မရဲစခန်းမှ (ပ) ၃၁၅၇ / ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Recent Comments