၂၇.၉.၂၀၂၀ ရက်နေ့၊ ၀၉၄၀ အချိန်ခန့်၊ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ သာယာကုန်း ကျေးရွာ၊ ထားဝယ်-ရှင်မော် ကားလမ်းဘေးနေ ပိုင်ရှင်ဒေါ်မြစိန်၏ (၅၀x၃၅)ပေ၊ RC၊ သွပ်မိုး၊ (၂)ထပ် (ဓါတ်ဆီဆိုင်နှင့်ကုန်စုံဆိုင်)လူနေအိမ်တွင် ဖုန်းအားသွင်းရာမှ အပူလွန်ကဲပြီး အနီးရှိ ဓါတ်ဆီပုံးအား မီးကူးစက် လောင်မှုဖြစ်ပွားကြောင်း ၀၉၄၅ အချိန် သတင်းရရှိသဖြင့် ထားဝယ်ခရိုင်မီးသတ်စခန်းနှင့် လောင်းလုံး မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၆)စီး၊ မီးသတ်ရေသယ်ယာဉ်(၃)စီး၊ သန္ဓေ(၃၂)ဦး၊ အရန်(၁၅)ဦး တို့သည် Foam ဆေးရည် (၃၀)ဂါလန်နှင့် ရေဂါလန်(၆၈၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၀၂၅ အချိန် မီးငြိမ်း ပါသည်။
မီးလောင်မှုကြောင့် (၅၀x၃၅)ပေ၊ RC၊ သွပ်မိုး၊ (၂)ထပ် လူနေအိမ် (၁)လုံးမီးလောင်ခံရပြီး ပိုင်ရှင် ဒေါ်မြစိန်၏ သားဖြစ်သူ မောင်အောင်မြတ်သူ(၂၈)နှစ်သည် မီးအပူဟပ်ခံရသဖြင့် ဇမ္ဗူသီရိလူမှုကူညီရေး အသင်းမှ သူနာတင်ယာဉ်ဖြင့် ထားဝယ်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ပိုင်ရှင် ဒေါ်မြစိန်အား မောင်းမကန်နယ်မြေရဲစခန်းမှ (ပ) ၂၈/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားပါကြောင်း သတင်းရရှိပါသည်။
Recent Comments