ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ မေတ္တာမွန်ဂိုထောင် မီးလောင်ပေါက်ကွဲမှု

၁၁.၆.၂၀၁၉ ရက်နေ့၊ (၁၂ ၄၅)အချိန်ခန့်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာအုပ်စု၊ ငမန်းချောင်းကျေးရွာနေ ပိုင်ရှင် ဦးဌေးအောင်၏ အလျား(၅၇)ပေ၊ အနံ(၁၅)၊ စောက်(၆)ပေရှိသော အောင်မြတ်မင်း ခရီးသည်တင်စက်လှေသည် နေအိမ်တံတား၌ ဆိုက်ကပ်ထားစဉ် စက်ခန်းအတွင်းမှ ဝါယာ‌ရှော့ဖြစ်၍မီးလောင်မှုဖြစ်ပွားကြောင်း (၁၂ ၅၅)အချိန် သတင်းရရှိသဖြင့် ကျွန်းစုမြို့နယ် မီးသတ်စခန်းမှ သန္ဓေ(၄)ဦး၊ အရန်(၂၀)ဦးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်၊ (၁၃ ၃၀)အချိန် မီးငြိမ်းပါသည်။ မီးလောင်မှုကြောင့် စက်လှေအတွင်းပိုင်းမီးလောင်ခံရပြီး ဆုံးရှုံးမှုတန်ဖိုး ၄,၀၀၀,၀၀ဝိ/- (ကျပ်သိန်းလေးဆယ်)ခန့်ဖြစ်ကြောင်းနှင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိ ပါသည်။