စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရန်ကင်းရပ်ကွက်၊ ကျောက္ကာလမ်းရှိ ဇောတိကကျောင်းတိုက် အတွင်း ၂၃.၁၁.၂၀၂၁ ရက်နေ့၊ ၀၈ ၁၅ အချိန်ခန့်က လုံးပတ်(၄)ပေ၊ အရှည်(၃၀)ပေခန့်ရှိ တမာပင်သည် အမြစ်မှလန်၍ လဲကျမှုဖြစ်ပွားကြောင်း မုံရွာခရိုင်မီးသတ်စခန်းမှ ၀၈ ၂၀ အချိန် သတင်းရရှိသဖြင့် ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေ(၁၁)ဦးတို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ၀၉ ၃၀ အချိန် လုပ်ငန်းဆောင်ရွက်ပြီးစီးပါကြောင်းနှင့် အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိပါကြောင်း သိရသည်။