စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ ကျောက္ကာလမ်း၊ အုတ်ကန်တောရစာသင်တိုက်အရှေ့တွင် ၁၃.၁၀.၂၀၂၁ ရက်နေ့၊ ၁၁ ၄၀ အချိန်ခန့်က ဇလုပ်ကျေးရွာဘက်မှ မုံရွာမြို့ဘက်သို့ ယာဉ်မောင်း ဦးကျော်သူ မောင်းနှင်လာသော ဆိုက်တွဲယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ရေမြောင်းထဲသို့ ထိုးကျမှုဖြစ်ပွားကြောင်း မုံရွာခရိုင်မီးသတ်စခန်းမှ ၁၁ ၄၅အချိန် သတင်းရရှိသဖြင့် ရှာဖွေကယ်ဆယ်ရေး ယာဉ်(၁)စီး၊ သန္ဓေ(၁၀)ဦးတို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ရေမြောင်းထဲသို့ ထိုးကျနေသော ဆိုက်တွဲယာဉ်အား ၁၂ ၁၅ အချိန် ဆယ်ယူနိုင်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်း သိရသည်။