စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ပေါက်ကန်ကျေးရွာအုပ်စု၊ ပေါက်ကန်ဘူတာကျေးရွာတွင်  လေပြင်းတိုက်ခတ်မှုကြောင့် ၁၁.၁၀.၂၀၂၁ ရက်နေ့၊ ၁၅၃၀ အချိန်ခန့်က လုံးပတ်(၇)ပေ၊ အမြင့်(၉၀)ပေခန့်ရှိ ကုက္ကိုလ်ပင်သည် လဲကျပြီး ပိုင်ရှင် ဦးသိန်းစိုး၏ (၂၄x၁၄)ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်နေအိမ်ပေါ်သို့ ပိနေကြောင်း ဝက်လက်မြို့နယ်မီးသတ်စခန်းမှ ၁၂.၁၀.၂၀၂၁ ရက်နေ့၊ ၀၈၄၆ အချိန်သတင်းရရှိသဖြင့် ဝက်လက်မြို့နယ်မီးသတ်စခန်းနှင့် ရှိမ္မကားနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဆိုင်ကယ်(၁)စီး၊  သန္ဓေ(၈)ဦးတို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၁၂၃၀ အချိန် လုပ်ငန်းဆောင်ရွက်ပြီးစီးကြောင်းနှင့် အဆိုပါ ဖြစ်စဉ်ကြောင့် (၂၄x၁၄)ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်လူနေအိမ် (၁)လုံးနှင့် အတွင်းပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။