စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ ဒါးဝယ်ဈေးရပ်ကွက်၊ အလျား (၁၀၀)ပေ၊ အနံ (၅၀)ပေ၊ အနက် (၁၅)ပေခန့်ရှိ နှုန်းကျင်းအတွင်းတွင် ၈.၁၀.၂၀၂၁ ရက်နေ့၊ ၁၂ ၃၀ အချိန်ခန့်က မင်းလမ်းရပ်ကွက်နေ စိတ်ရောဂါရှိသူ ဒေါ်ချိုချို အသက်(၆၃)နှစ်သည် ရေဆင်းချိုးရာမှ ရေနစ်နေကြောင်း စစ်ကိုင်းမြို့နယ်မီးသတ်စခန်းမှ ၁၂ ၄၅ အချိန် သတင်းရရှိသဖြင့် မီးသတ်ယာဉ်(၁)စီး၊ သန္ဓေ(၅)ဦး၊ အရန်(၅)ဦးတို့သည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ကူညီဆောင်ရွက်ခဲ့ရာ ၁၃ ၂၀ အချိန်တွင် မ(၁)ဦး(သေဆုံး)အား ရှာဖွေတွေ့ရှိခဲ့ပြီး သုခကာရီလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါကြောင်း သိရသည်။