စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့သစ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ရွှေသရဖူ(အိမ်ဆောက်ပစ္စည်းဆိုင်)ရှေ့တွင် ၁၈.၉.၂၀၂၁ ရက်နေ့၊ ၀၉ ၅၀ အချိန်ခန့်က လုံးပတ်(၄)ပေခန့်၊ အမြင့်(၆၀)ပေခန့်ရှိ ကုက္ကိုပင်သည် လဲကျမှုဖြစ်ပြီး ဖုန်းကြိုးပေါ်သို့ ပိနေကြောင်း မုံရွာခရိုင်မီးသတ်စခန်းမှ ၁၀ ၀၀ အချိန် သတင်းရရှိသဖြင့် ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေ(၉)ဦးတို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၁၁ ၃၀ အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးကြောင်းနှင့် အဆိုပါ ဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။