စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ် ကန့်ဘလူမြေငလျင်စခန်းမှ အရှေ့တောင်ဘက် ၄၂ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (သပိတ်ကျင်းမြို့၏ အရှေ့တောင်ဘက် ၅မိုင်ခန့်အကွာ)တွင် ၂၉.၇.၂၀၂၁ ရက်နေ့၊ ၁၅ ၁၀အချိန်ခန့်က မြောက်လတ္တီတွဒ်(၂၂.၈၄)ဒီဂရီ အရှေ့လောင်ဂျီတွဒ် (၉၆.၀၅)ဒီဂရီ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်ချက်တာစကေး (၆.၃)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်လှုပ်ခတ်မှုကြောင့် မင်္ဂလာရာမပရိယတ္တိစာသင်တိုက်၏ အုတ်တံတိုင်း အခန်း(၁၀)ခန်း အရှည်ပေ (၇၀)ခန့် ပြိုလဲကျမှုဖြစ်ပွားကြောင်း ရေဦးမြို့နယ်မီးသတ်စခန်းမှ ၁၅ ၅၀အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၉)ဦးတို့ဖြင့်  သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၁၈ ၀၀ အချိန်တွင် ကူညီဆောင်ရွက်ပြီးစီးခဲ့ပါ​ကြောင်းနှင့် အဆိုပါ ဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရှိမှု မရှိပါကြောင်း သိရသည်။