စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ကျေးရွာတွင် ပိုင်ရှင် ဦးဇော်မင်း၏  (၂၁x၁၅) ပေ နေအိမ်တွင် ၁၅.၆.၂၀၂၁ ရက်နေ့၊ ၀၄ ၃၅ အချိန်ခန့်က နွားစာတဲအောက်ရှိ မီးပလပ်ခုံတွင် (၃)မိနစ် ရေနွေးအိုးတည်ထားရာမှ အပူလွန်ကဲပြီး မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း စစ်ကိုင်းမြို့နယ် မီးသတ်စခန်းမှ ၀၄ ၃၈ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ သန္ဓေ(၁၅)ဦး၊ အရန်(၂၀)ဦးတို့သည် ရေဂါလန်(၄၈၀၀)အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၅ ၅၅ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၂၁x၁၅)ပေ နေအိမ်(၇)လုံးနှင့် (၂၁x၁၅)ပေ နွားစာတဲ(၅)လုံးမီးလောင်ခံခဲ့ရပြီး၊ ပိုင်ရှင် ဦးဇော်မင်း အား စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးနယ်မြေရဲစခန်းမှ (ပ) ၂၂/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့် အရေးယူထားပါကြောင်း သိရသည်။