စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်၊ မာလာလမ်းတွင် ၂.၅.၂၀၂၁ ရက်နေ့၊ ၀၆ ၀၀ အချိန်ခန့်က လုံးပတ်(၁)ပေခွဲခန့်၊ အရှည်(၁၅)ပေခန့်ရှိ တမာပင်နှင့် လုံးပတ်(၂)ပေခန့်၊ အရှည်(၂၀)ပေခန့်ရှိ စိန်ပန်းပင် တို့လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားကြောင်း မုံရွာခရိုင်မီးသတ်စခန်းမှ ၀၆ ၃၀ အချိန်သတင်းရရှိသဖြင့် ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေ(၉)ဦးတို့ဖြင့် သွားရောက် ရှင်းလင်းရေးလုပ်ငန်းများ ကူညီဆောင်ရွက်ခဲ့ရာ ၀၇ ၄၀ အချိန် လုပ်ငန်းများပြီးကြောင်းနှင့် လူထိခိုက် ဒဏ်ရာရရှိမှုမရှိပါကြောင်း  သိရသည်။