စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ မကျီးတုံးကျေးရွာအုပ်စု၊ ချောင်းဆုံကျေးရွာနေ ပိုင်ရှင် ဦးလွင်၏ (၉x၉)ပေ၊ ထန်းရွက်မိုး၊ ထရံကာ၊ မြေစိုက်နေအိမ်တွင် ၂၆.၃.၂၀၂၁ ရက်နေ့၊ ၁၂ ၀၀ အချိန်ခန့်က မီးဖိုမီးကြွင်းမီးကျန်မှတဆင့် အကာထရံသို့ မီးကူးစက်လောင်မှုဖြစ်ပွားကြောင်း ၁၂ ၃၀ အချိန် ခင်ဦးမြို့နယ်မီးသတ်စခန်းမှ သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေ(၁၄)ဦး၊ အရန်(၁၀)ဦးတို့သည် ရေဂါလန် ၆၀၀၀ ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၃ ၄၀ အချိန်မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၉x၉)ပေ၊ ထန်းရွက်မိုး၊ ထရံကာ၊ မြေစိုက်နေအိမ်(၁)လုံး၊ (၉x၉)ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်နေအိမ် (၁)လုံး၊ (၉x၉)ပေ၊ သက်ငယ်မိုး၊ ထရံကာ၊ မြေစိုက်နေအိမ်(၁)လုံး၊ (၁၂x၁၂)ပေ၊ သွပ်မိုး၊ ထရံကာ၊ (၂)ထပ် နေအိမ်(၁)လုံး၊ စုစုပေါင်း နေအိမ်(၄)လုံး၊ ယက္ကန်းစင်(၂)စင်၊ ဆိုင်ကယ်(၂)စီး၊ စပါး(၃၀၀)တင်း၊ နွားလှည်း (၁)စီးနှင့် အတွင်းပစ္စည်းများ မီးလောင်ခံရပြီး၊ ပိုင်ရှင် ဦးလွင် အား ခင်ဦးမြို့မရဲစခန်းမှ (ပ)၆၄/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရပါသည်။