၂၃.၂.၂၀၂၁ ရက်နေ့၊ ၀၉ ၃၀ အချိန်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ မြိုက်ကျေးရွာနေ ပိုင်ရှင် ဦးဖိုးဆင့်၏ (၅၄x၃၇)ပေ သွပ်မိုး၊ ထရံကာ၊ မြေစိုက် “သိန်းထိုက်စံ” စားသောက်ဆိုင်တွင် ဆိုလာဖြင့် ဘတ္ထရီအားသွင်းရာမှ အပူလွန်ကဲ၍ မီးကူးစက်လောင်မှု ဖြစ်ပွားကြောင်း ၀၉ ၄၃ အချိန်သတင်းရရှိသဖြင့် ရွှေဘိုမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ် ယာဉ်(၁)စီး၊ သန္ဓေ(၁၈)ဦး၊ အရန်(၁၀)ဦးတို့သည် ရေဂါလန်(၃၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၉ ၅၅ အချိန်တွင် မီးငြိမ်းပါသည်။

မီးလောင်မှုကြောင့် (၅၄x၃၇)ပေ သွပ်မိုး၊ ထရံကာ၊ မြေစိုက် “သိန်းထိုက်စံ” စားသောက်ဆိုင် (၁)လုံး၊ အပ်ချုပ်စက်(၁)လုံး၊ ရေခဲသေတ္တာ(၁)လုံး၊ မီးစက်ဒိုင်နမိုပါ (၁)လုံးနှင့် TV(၁)လုံး မီးလောင်ခံရပြီး ပိုင်ရှင် ဦးဖိုးဆင့်အား ရွှေဘိုမြိုမရဲစခန်းမှ (ပ) ၄၉/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေး ယူဆောင်ရွက်ထားပါကြောင်း သတင်းရရှိပါသည်။