၂၁.၂.၂၀၂၁ ရက်နေ့၊ ၀၂ ၃၅ အချိန်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာနေ ပိုင်ရှင် ဦးပြည့်ဖြိုးအောင်၏ (၁၅၀x၃၀)ပေ၊ သွပ်မိုး၊ ဝါးခြမ်းကာ၊ မြေစိုက် (ကြက်ခြံ)အတွင်း သွယ်တန်းထားသည့် မီးသီး အပူလွန်ကဲရာမှ အကာထရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း ၀၂ ၄၀ အချိန် သတင်းရရှိသဖြင့် မုံရွာခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ နတ်လူထိပ်ပန်ရပ်ကွက် အရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ စက်မှုဇုန်ရပ်ကွက်အရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ လယ်ဇင်ကျေးရွာအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သက္ကယ်ကျင်းကျေးရွာ အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ စုစုပေါင်း မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ် (၂)စီး၊ သန္ဓေ(၈)ဦး၊ အရန်(၃၀)ဦးတို့ဖြင့် ရေဂါလန် ၃၂၀၀ ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၃ ၀၀ အချိန်မီးငြိမ်းပါသည်။
မီးလောင်မှုကြောင့် ကြက်ကောင်ရေ (၂၀၀၀)ခန့်၊ (၁၅၀x၃၀)ပေ၊ သွပ်မိုး၊ ဝါးခြမ်းကာ၊ မြေစိုက် (ကြက်ခြံ) (၁)လုံး၊ (၁၅x၁၅)ပေ၊ သွပ်မိုး၊ ဝါးခြမ်းကာ၊ မြေစိုက်နေအိမ်(၁)လုံး၊ (၁၅x၁၅)ပေ၊ သွပ်မိုး၊ ကပ်ကာ၊ မြေစိုက်နေအိမ်(၁)လုံးနှင့် (၂၈x၁၄)ပေ၊ ကပ်မိုး၊ ကပ်ကာ၊ မြေစိုက်၊ ထင်း အစားထိုး လောင်စာတောင့် တဲ(၁)လုံး မီးလောင်ခံရပြီး မီးပေါ့ဆသူ ကြက်ခြံအစောင့် ဦးဝင်းကျော်အား မုံရွာမြို့မရဲစခန်းမှ (ပ) ၃၂/ ၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားပါကြောင်း သတင်းရရှိပါသည်။
Recent Comments